Claim Your Prize

စင်ကာပူ TOTO ထီ ဟာဖြင့် မနက်ဖြန် သောကြာနေ့ည ၉:၃၀ မှာ ပထမဆုစင်ကာပူဒေါ်လာ 3.6 သန်းဖိုး ထီ မဲဖောက်မှာဖြစ်ပါတယ်။

Written by ဇင်မျိုးထက် | မေ 25, 2024 11:43:27 ညနေ
စင်ကာပူ TOTO ထီ ဟာဖြင့်
မနက်ဖြန် သောကြာနေ့ည ၉:၃၀ မှာ ပထမဆုစင်ကာပူဒေါ်လာ 3.6 သန်းဖိုး
ထီ မဲဖောက်မှာဖြစ်ပါတယ်။
TOTO အကြောင်းမေးကြလို့ သိသလောက် ရှင်းပြပါမယ်နော်...
 TOTO မှာ ၁ ကနေ ၄၉ အထိ ဂဏန်း (၄၉) လုံးပါတယ်။ အဲ့ဒီ ၄၉ လုံးထဲကနေ (၆) လုံးကို ရွေးပြီး ပထမဆု Group 1 Prize အဖြစ်ကြေညာပေးပါတယ်။
သဘောက ကျနော်က (၂, ၅, ၁၀, ၄၄, ၄၇, ၄၉) တို့ကိုရွေးထိုးလို့
အဲ့ဒီနံပါတ်အတိုင်းထွက်လာရင် ပေါက်တဲ့သူတစ်ယောက်တည်းဖြစ်နေရင်
အဲ့ဒီအပတ်မှာကြေညာထားတဲ့ ဆုငွေအတိုင်းထက်ပိုရမယ်။
ပိုရမယ်လို့ပြောတာက
အဲ့ဒီလို 3.6 သန်းလို့ကြေညာထားပေမယ့် ထိုးတဲ့သူပိုများရင် ဆုငွေပိုများလာလို့ပါ။
သူက စုစုပေါင်းငွေရဲ့ ၃၈% ကို Group 1 Jackpot Prize အဖြစ်သတ်မှတ်တာပါ။ အဲ့ဒီပထမဆုကလူပေါင်း ၁၄ သန်းလောက်မှာ ၁ ယောက်ပဲပေါက်တတ်ပါတယ်။
အကယ်လို့ Group 1 ပေါက်သူက ၁၀ ယောက်ဆိုရင် ၁၀ ယောက်ခွဲယူပေတော့။
တစ်ယောက်မှမပေါက်ရင် နောက်လာမယ့်
TOTO မှာ အဲ့ငွေကိုထည့်ပေါင်းပြီး ဆုငွေသတ်မှတ်မယ်။
အခုလာမယ့်သောကြာနေ့အတွက် ပထမဆုဒေါ်လာ 3.6 သန်းဖြစ်သွားရတာဟာ စင်ကာပူ အမျိုးသားနေ့ အထိမ်းအမှတ်ဖြစ်တာကြောင့်ပါ
အခုလာမယ့်သောကြာနေ့ Toto အစီအစဉ်မှာ ည ၉:၃၀ မှာကြေညာပါမယ်။ အဲ့နေ့ည ၉ နာရီအထိထိုးလို့ရပါသတဲ့။
ကဲ ... Group 1 ဆုမဲပြီးတော့ Group 2 ဆုမဲကိုဆက်ရအောင်။
တကယ်တော့ Toto က ဂဏန်း (၇) လုံးထွက်တာဗျ။
Winning number ပေါက်မဲက (၆) လုံးအပြင် အောက်မှာ အပို Additional number (၁) လုံးပါသေးတယ်။
Group 2 ဆိုတာ ပထမဆု (၆) လုံးထဲက (၅) လုံးတူပြီး ကျန် (၁) လုံးအပိုဂဏန်းနဲ့ သွားတူတဲ့သူမျိုးကို ပေးတာ။ သူကလူပေါင်း ၂•၃ သန်းမှာ တစ်ယောက်ပဲပေါက်တတ်ပါတယ်။
သူက စုစုပေါင်းငွေရဲ့ ၈% ပဲရပါတယ်။ ဒါ့ကြောင့် Group 2 Prize က ဆုကြေးနည်းတာပါ။
အဲ့ဒီမှာ ပထမဆု (၆) လုံးထဲက (၅) လုံးပဲတူပြီး ကျန်အပို (၁)လုံးနဲ့မတူသူတွေက တတိယဆု Group 3 prize ဖြစ်ပြီး ၅•၅% ပဲရပါတယ်။ သူကလူပေါင်း ၅ သောင်းခွဲမှာ တစ်ယောက်ပေါက်တတ်ပါတယ်။
Group 4 ဆိုတာ ပထမဆု (၆) လုံးထဲက (၄) လုံးတူပြီး ကျန် (၁) လုံးအပိုဂဏန်းနဲ့ သွားတူတဲ့သူမျိုးကို ပေးတာ။
သူက စုစုပေါင်းငွေရဲ့ ၃% ပဲရပါတယ်။ သူကလူပေါင်း ၂၂၀၀၀ မှာတစ်ယောက်ပဲပေါက်တတ်ပါတယ်။
အဲ့ဒီမှာ ပထမဆု (၆) လုံးထဲက (၄) လုံးပဲတူပြီး ကျန်အပို (၁)လုံးနဲ့မတူသူတွေက တတိယဆု Group 5 prize ဖြစ်ပြီး ဒေါ်လာ ၅၀ ပဲရပါတယ်။
သူကလူပေါင်း ၁၀၀၀ ကျော်မှာ တစ်ယောက်ပေါက်တတ်ပါတယ်။
အကယ်လို့ ၃ လုံးတူပြီး အပိုနံပါတ်နဲ့ပါတူရင် ၂၅ ဒေါ်လာရပါတယ်။
အကယ်လို့ ၃ လုံးပဲတူရင် ၁၀ ဒေါ်လာရပါတယ်။
စုစုပေါင်းငွေရဲ့ ၅၄% ကို အလှူအတန်းနဲ့ အခြားပြည်သူလူထုကောင်းကျိုးအတွက်သုံးပါတယ်။
ထိုးမယ်ဆိုရင် ကြိုက်တဲ့ဂဏန်း (၆) လုံးကို ကိုယ့်ဘာသာကိုယ် သူတို့ပေးထားတဲ့စာရွက်မှာ ခဲခြစ်ခြစ်၊
ကွန်ပျူတာတာကို ရွေးခိုင်းတဲ့ Quick pick ယူယူရပါတယ်။
အဲ့လို ကြိုက်ရာ (၆) လုံးထိုးတာက စင်ကာပူ (၁) ဒေါ်လာပေးရပါတယ်။
အကယ်၍ ကိုယ်ကအခွင့်အရေးပိုအောင် ဂဏန်း (၇) လုံးယူရင် System 7 လို့ခေါ်ပြီး ၇ ဒေါ်လာပေးရပါတယ်။
အကယ်လို့ ကိုယ်ကအခွင့်အရေးပိုအောင် ဂဏန်း (၈) လုံးယူရင် System 8 လို့ခေါ်ပြီး ၂၈ ဒေါ်လာပေးရပါတယ်။
အဲ့လိုပဲ ကိုယ်ကအခွင့်အရေးပိုအောင် ဂဏန်း (၉) လုံးယူရင် System 9 လို့ခေါ်ပြီး 84 ဒေါ်လာပေးရပါတယ်။
အဲ့လိုအဆတက်သွားလိုက်တာ ကိုယ်ကအခွင့်အရေးပိုအောင် ဂဏန်း (၁၂) လုံးယူရင် System 12 လို့ခေါ်ပြီး ၉၂၄ ဒေါ်လာပေးရပါတယ်။ မပေါက်ရင်ပလုံပေါ့။
နောက်ပြီးတော့ ၄၄ ဒေါ်လာပေးရတဲ့ System Roll ဆိုတာရှိပါသေးတယ်။
အဓိကကတော့ ...
တစ်ခါထိုးရင် တစ်ဒေါ်လာကနေစပြီးစိတ်ကူးယဉ်လို့ရတယ်။
ဆုကြေးကတစ်ခါဖွင့်ရင် (၁)သန်းကနေ အရင်အပတ်ကမပေါက်ခဲ့သမျှရယ်၊ အစိုးရကြေညာသမျှရယ်ဖြစ်နိုင်တယ်။
ဆုကြေးကကြေညာထားတာထက်ပိုတတ်ပြီး ကံတူသူရှိရင်ခွဲယူရမယ်။
System 7 ကအရင်က ၃ ဒေါ်လာခွဲပါ။ အခုမှဈေးတက်သွားတာ ၈ နှစ်လောက်ရှိပြီ။
ကဲ ... မြန်မာတွေထဲက ကံကောင်းကြပါစေ။
ပထမဦးဆုံးပုံက ၂၀၁၇ မှာလူတစ်ယေညက်က သူ့ဟာသူ ၃ ကျပ်ဖိုးရွေးထိုးပြီး တစ်စောင်ဒဲ့ဝင်ကာ ဒေါ်လာ ၉ သန်းကျော်ပေါက်သွားတဲ့ပုံပါ။
ဒုတိယပုံက ဂဏန်း (၆+၁) လုံးထွက်ကြောင်းနဲ့ Toto ဝက်ပ်ဆိုက်မှာတိုက်စစ်ရင် ပေါက်ရင်ဒါမျိုးပြကြောင်း ပြထားတာပါ။
တတိယပုံက Group Prize တွေပုံပါ။
ပုံတွေကို Comment မှာ တင်ပေးထားပါမယ်ရှင့်