Claim Your Prize

ဘတ် ၆ သန်း ထီပေါက်တဲ့ ကြက်ဥ ရောင်းသူ

Written by ဇင်မျိုးထက် | မေ 24, 2024 5:15:23 ညနေ
ထီပေါက်တယ်လို့ သိသိချင်း
ရောင်းနေတဲ့ ကြက်ဥတွေ... အကုန်လုံးကို အခမဲ့ပေးဝေ
2023 ခုနှစ် မတ်လ 16 ရက်နေ့ထွက်
ထိုင်းအစိုးရထီ မှာ Prachinburi မြို့ ရဲ့ စျေးတစ်ခုတွင် ကြက်ဥ ရောင်းချသူ...အသက် ၅၈ နှစ် အရွယ်
မစ္စ Siripan Krit Udomက
ဘတ် ၆ သန်း ဆုကြီးပိုင်ဆိုင်သွားခဲ့ပါတယ်
ပထမဆု နံပါတ် - 025873 ပါ
ထီပေါက်သူမှာ...
ကြက်ဥ အမြဲ ရောင်းချနေသူဖြစ်ပြီး
သူမ ရောင်းချနေတဲ့ သတ်တမ်းက ၁၀ နှစ် ကျော်ပြီလို့ သိရပါတယ်
မိတ်ဆွေသူငယ်ချင်းတွေ
ပြောတာကတော့
ထီပေါက်သူ မစ္စ Siripan Krit Udom က
စိတ်ထားကောင်းသူ တစ်ယောက် ဖြစ်ပါတယ်တဲ့
စျေးသူစျေးသားတွေကတော့ သူ့ကို Ami လို့
ခေါ်ပါတယ်။
ထီပေါက်သူက
သူမ အိမ်မက် တာကြောင့်
အိမ်မက် ဂဏန်း ဝယ်ယူခဲ့တာ...
အိမ်မက်ထဲမှာ သီလရှင်
တစ်ပါးက ၇၃ နံပါတ်ပါတဲ့စာရွက်လေး ပေးလို့ပါ။
အဲ့တာနဲ့ ၇၃ နောက်ပိတ်ပါတဲ့
ထီလက်မှတ်ကို ဝယ်ယူလိုက်တာပါတဲ့
ပထမဆု ပေါက်မယ်လို့ မမျှော်လင့် ထားပေမယ့်
အခုလို ဘတ် ၆ သန်း ပေါက်တာကြောင့်
အတိုင်းထက်
အလွန်ဝမ်းသာပါတယ်လို့ ဆိုပါတယ်
ဟုတ်ပါတယ် ။ အကြွေးတွေအများကြီး ဂှိနေတာပါ
စုစုပေါင်း ဘတ် ၁၀ သိန်းလောက် ရှိနေတာ
အဲ့ အကြွေးတွေ အကုန်ဆပ်တော့မှာပါတဲ့
သူမ အသက် ၅၈
သူမရဲ့ အမေ အသက် ၈၂ လို့ သိရပါတယ်။
အရွယ်ကြီးမြင့် နေတဲ့ အမေနဲ့ အတူ
၂ ယောက်တည်း ရှင်သန် ရုန်းကန်နေရတဲ့
သူတို့ ရဲ့ ဘဝလေး
အေးအေးချမ်းချမ်း ဖြစ်သွားခဲ့ပါပြီ။